ကြံခင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ ဝါဆိုလပြည့်ကျော် (၈)ရက်နေ့ ဇီဝိတဒါနကုသိုလ်အလှူအဖြစ် ကန်ကလေးတောရဓမ္မရိပ်သာရှိ ဆရာလေးများ၊ ယောဂီများနှင့် ဥပုလ်သီလ ဆောက်တည်ကြသောပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဓမ္မရိပ်သာသို့ ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။
အဆိုပါဆေးကုသပေးခြင်းကို မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်နှင့် ဝန်ထမ်းများက ဒူးနာ၊ ဖျားနာ၊ ဆီးချို၊ သွေးချို၊ သွေးတိုး စတဲ့ ရောဂါများကို ကုသပေးခဲ့ပြီး ကန်ကလေးတောရ ဓမ္မရိပ်သာအတွင်း ဆရာလေး၊ ယောဂီနှင့် သီလဆောက်တည်သူ ပြည်သူ(၃၅)ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)