ကြံခင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည့်သူဦးရေစုစုပေါင်း(၁၁၅၁)ဦးရှိရာ နိုင်ငံရေးပင်စင်စား(၈၇)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၈၀)ဦး၊ မြို့ပြပင်စင်စား (၇၇၃)ဦးနှင့် ဘဏ်ပင်စင်စား (၁၁)ဦးရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
အဆိုပါ ပင်စင်လစာငွေ ထုတ်ပေးခြင်းကို ယခုလတွင် ဇူလိုင်လ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ၊ နေ့စဉ် ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နံနက်(၆)နာရီမှ နေ့လယ် (၂)နာရီထိ ထုတ်ပေးသွားမှာဖြစ်ပြီး ပင်စင် လစာငွေများ ထုတ်ပေးရာတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)