အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို အလှူရှင်များက လာရောက်လှူဒါန်း

ရန်ကုန် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အလှူရှင်များက အသင်းရုံးသို့ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ သည်။

အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်စိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှု အသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ(ဦးတင်ဌေး)(၁)နှစ်ပြည့်အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁) သိန်း၊ ဒေါ်မြသွေးမိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကိုလင်းထက်နိုင်+မဖြိုးဖြိုးအောင် မိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ(ဒေါ်စန်းစန်းမြင့်)အား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၅) သောင်း၊ ကွယ်လွန်သူ(ဦးစိန်မင်း+ဒေါ်မူမူချို)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်းနှင့် ကွယ်လွန်သူ(မဝါဝါမြင့်)အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ ဘော်ဒီအိတ်(၄၅)အိတ်၊ Mark(၂)ဘူး၊ လက်သန့်ဆေးရည်(၅)ဘူးတို့ကို အသီးသီးလာရောက်လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှု အသင်းမှတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို