တန့်ယန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တန့်ယန်း ဇူလိုင်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်()အခြေခံပညာမူလတန်းလွန်ကျောင်း၌ ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေး ကျောင်းသားကျောင်းသူ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးရာ အမှတ်()အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်အေးနှင့် ဆရာဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)