မူဆယ်မြို့တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က (၃) ကျောင်းရွှေရတုခန်းမ၌ ကျောင်းသူ/သားများ အသိပညာ၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီအချိန်က ကျင်းပခဲ့သည်။

သထုံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အထက(ကျိုက္ကော်) ရွှေရတုခန်းမတွင် ယနေ့ နံနက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်စနစ်တကျထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌ နွား မေထုန်မဲ့ သားစပ် မျိုးပွားခြင်းသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန သံဖြူဇရပ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အောင်မြင်သော နွားမေထုန်မဲ့ သားစပ် မျိုးပွားခြင်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေး​ခန်းမ၌ ပြုလုပ်သည်။

ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဦးစီးဌာန၌ ထိုးနှံပေးကြောင်း သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community) ခန်းမတွင်၊ ယနေ့နံနက်(၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက် ခြင်းကိုယမန်နေ့ နံနက် (၁၀:၃၀) က ဝင်းကဒတ်ကျေးရွာနှင့် မွန်းလွဲ (၂) နာရီက တောကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ပြုလုပ်ကျင်းပ ခဲ့သည်။

မံစီမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစု၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစု၏ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မံစီမြို့ ပြင်ဦးလွင်ရပ်ကွက်ရှိ သိရီရတနာ ကုန်းတော်ဇိနမာရ်အောင်မြို့ ဦးစေတီတော် အာရုံခံတန်စောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to