ဖြူးမြို့နယ်၌ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် မျိုးစိတ်အသစ်များ ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) များ ဝေငှပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်များ ကာကွယ်တားဆီး နိုင်စေရေး နှာခေါင်းစည်း (Mask) များ ဆက်လက် တပ်ဆင်သွားလာစေရေးအတွက် ရည်ရွယ်ကာ ဇူလိုင်(၂၅)ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်က စတင်၍ လူနေစည်ကားရာနေရာများ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည် တက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက ပြည်တက္ကသိုလ် အားကစားနှင့်ကာယပညာ ကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ ‌တက်ရောက်ကြည့်ရှုအားပေးသည်။

ဟိုပန်၌ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးက ကြီးမှူးကျင်းပသည့် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက် ရှင်းလင်းပွဲကို ယနေ့နေ့လည် (၁၁)နာရီက ဟိုပန်မြို့နယ် တရားရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (၃/၂၀၂၂) တွံတေး၌ဖွင့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (တွံတေး) တွင်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ငါးလုပ်ငန်းနှင့် သက်ဆိုင်သောပညာရပ်များ သင်ကြားရန်အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသား ဖောက်ခြင်းနည်းပညာပေးသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ Door to Door စနစ်ဖြင့် အမှတ်(၁၄)ရပ်ကွက်သို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ​ ဝန်ထမ်းများ က အမှတ် (၁၄)ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က အဆိုပါ ရပ်ကွက်အတွင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် (အ-ထ-က)တောကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့်

တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာစားသုံးရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့သည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ပို့ချ

သဘာဝဘေးအန္တရာယ်များ ကျရောက်မှုနှင့် ထိခိုက်ဒဏ်ရာများ ကြုံတွေ့ဖြစ်ပွားလာရပါက ရှေးဦးစွာ ကူညီ ကယ်ဆယ်နိုင်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဒီဂရီ ကောလိပ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ အဆိုပါ ကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချ လျက်ရှိသည်။

ကော့မှူး၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၏လမ်းညွှန်ချက်နှင့်အညီ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် သဘာဝရေပြင်အတွင်းငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်ရှိနေစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးနှင့် လူနေမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ သဘာဝရေပြင်များအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

လေးမျက်နှာမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စု ကတက်ကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်း၌ ငါးသယံ ဇာတထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။
Subscribe to