မော်လမြိုင်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်
အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မော်လမြိုင်မြို့ အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။