လေးမျက်နှာ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စု ကတက်ကုန်း ကျေးရွာတွင် ယနေ့ နံနက်ပိုင်း၌ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်က ငါးလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လေးမျက်နှာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်မှ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် တက်ရောက်လာသည့် ရေလုပ်သားများမှ အခွန်ထမ်းအင်းသူကြီးများနှင့် ဒေသခံရေလုပ်သား များ အငြင်းပွားသည့် ငါးဖမ်းဆီးခြင်းကာလနှင့် အင်းများအတွင်း ငါးမျိုးများ ထည့်သွင်းမွေးမြူခြင်းသည် ဒေသခံရေလုပ်သားများ၏ အလုပ်အကိုင်အခွင့်လမ်းများ ဆုံးရှုံးနိုင်ကြောင်း မေးမြန်းဆွေးနွေးရာ ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်က ငါးဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရေချို ငါးလုပ်ငန်းနည်းဥပဒေ တွင် ငါးရစ်ငါးသန်ကာလ၊ အခွန်ထမ်းအင်းသူကြီးများ ငါးဖမ်းကာလနှင့် ရေပေါ်ရေလျှံကာလဟူ၍ သတ်မှတ် ပါရှိပြီးဖြစ်သည့်အတွက် ဒေသခံရေလုပ်သား၏ အလုပ်အကိုင်အခွင့်လမ်း ဆုံးရှုံးမှုမရှိနိုင်ကြောင်းနှင့် အင်းများ တွင် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် အပူရှိန်လွန်ကဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် လူတို့၏ ဆောင်ရွက်မှုဖြစ်သည့် တားမြစ်ထားသောငါးဖမ်းရာသီ၊ တားမြစ် ထားသော ငါးဖမ်းကိရိယာနှင့် ငါးအမျိုးအစား၊ ငါးအရွယ်အစားတို့ကို ဖမ်းဆီးခြင်းတို့ကြောင့် ငါးထွက်ရှိမှု လျော့နည်းလာသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝရေသယံဇာတကို အကျိုးရှိအောင် အသုံးပြု နိုင်ရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများ ပြန်လည်တည်တံ့နိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်စေရေး အတွက် သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် အင်းများတွင် ငါးထည့်သွင်း မွေးမြူနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်က ရေပေါ်ရေလျှံကာလတွင် အခွန်လွတ်ကိရိယာ(၁၆)မျိုး ဖြင့် ငါးဖမ်းဆီးခြင်းခွင့်ပြုကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအတွင်းရှိ ရေလုပ်သားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)