အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocational  Education Training) (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ             ​

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့် သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊​ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ‎​ကွေးတိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့်မြို့နယ်များအား ဂုဏ်ပြုဆုများပေးအပ်ပွဲတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပသည်။

ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံမေးမြန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ငါးဆယ်ပေးအုပ်စု အုတ်ဖိုကျေးရွာနှင့် ဘုရားပေါ်ကျေးရွာတို့တွင် နွေစပါးစိုက်တောင်သူများနှင့် ယမန်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်‌ရေးအတွက် အခြေခံစားသောက်ကုန်များအား

ထားဝယ်မြို့တွင် (Quick -Win Project) ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (Quick -Win Project)ဖြင့် ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(5) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် အားကစားနှင့် သိမှတ်ဖွယ်ရာများ ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့် သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပေါင်းတည် အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင် မိခင်နှင့်(၂)နှစ်အောက် ကလေးသူငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်(၂)နှစ်အောက် ကလေးသူငယ်များအား လစဉ်ပုံမှန် E.P.I ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကလေးအားတိုးဆေး တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးညှင်းမြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၊ ဘန့်ဘွေးကုန်းအလယ်တန်းကျောင်းသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က  ဘန့်ဘွေးကုန်းအလယ်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်၏ ပထမအကြိမ် စာပေစကားဝိုင်းနှင့် စာတမ်းဖတ်ပွဲကျင်းပ

မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်၏ ပထမအကြိမ် စာပေစကားဝိုင်းနှင့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to