ကွမ်းခြံကုန်း ဇူလိုင် ၂၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက (အ-ထ-က)တောကျောင်း၊ ကျောင်းခန်းတွင်ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ(အကြီးတန်းစာရေး)ဒေါ်လင်းလင်းဝင်းက လူငယ်နှင့်ခေါင်းဆောင်မှုလူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် (အ-ထ-က)တောကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီစိုးအား အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ (အ-ထ-က)တောကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီစိုး၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူ(၁၆၀)ဦး တတ်ရောက်ခဲ့ကြောင်းနှင့် တတ်ရောက်သူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
ဆွေနွယ် (IPRD)