မိုင်းခတ်၌ MobileLibraryစနစ်ဖြင့် အခြေခံပညာကျောင်းသို့ စာအုပ်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဝမ်ပြန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။