ပေါက်တောမြို့၌ မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးစာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို

ပေါင်းတည်မြို့နယ် ကြို့ပင်သာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကြို့ပင်သာကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက် ၁၈ နှစ် အထက်ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ကြို့ပင်သာကျေးရွာအုပ်စု ကျွဲတဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးထိုးစုရပ်တွင် ယနေ့ နံနက် ၉ နာရီက အသက်(၁၈)နှစ်အထက် ပြည်သူ ၄၀ ဦးအား ဒုတိယအကြိမ် (COVIDSHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်းကောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သည့် ပြည်သူ (၆၀) ဦးအား Booster Dose ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လွှမ်းခြုံနိုင်ရေး Booster (Covid Shield) အား အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ယ​နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါလွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကင်းမြို့နယ်တွင် ၁-၈-၂၀၂၂ ရက်နေ့ ၉ အချိန်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်း ဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် Sinopharm/ Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး(၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(covid shield/Myancopharm)နှင့် ပထမအကြိမ် ၁၈ နှစ်အထက်များအား (Covaxin)၊ အသက် ၁၅-၁၈ ​ကျောင်း​ပြင်ပ ကလေးများအား (Sinovac) ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲကျင်းပ

(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကသာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to