လဟယ်မြို့တည် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တည် နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပသည်။