ဘိုကလေး ဇူလိုင် ၂၅
သဘာဝဘေးအန္တရာယ်များ ကျရောက်မှုနှင့် ထိခိုက်ဒဏ်ရာများ ကြုံတွေ့ဖြစ်ပွားလာရပါက ရှေးဦးစွာ ကူညီ ကယ်ဆယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘိုကလေး ပညာရေးဒီဂရီ ကောလိပ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ အဆိုပါ ကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိ သည်။
အဆိုပါ သင်တန်းသို့ ပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူ (၂၇၉)ဦး တက်ရောက်ပြီး ဇူလိုင်လ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၈) နာရီမှ ညနေ(၄)နာရီအထိ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသက်နိုင် ဦးဆောင်၍ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)