ရေဦးမြို့တွင်  ဒို့အတူတူ မဲ ပေးကြမည် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးရည် ရွယ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် "ဒို့အတူတူ မဲပေးကြမည်" လက်ကမ်းစာစောင်များကို  စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင်၊ ရေဦးမြို့၌ ယမန်နေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ (၂/၂၀၂၅) ကွန်ပျူတာကျွမ်းကျင်မှု Advanced Course အခြေခံသင်တန်းဖွင့်လှစ်

ဌာနဆိုင်ရာဝန်ထမ်းများအတွက် ယခင်ကွန်ပျူတာ အခြေခံသင်တန်းများအပေါ် အခြေခံပြီးပိုမိုခိုင်မာသည့် နည်းပညာနှင့်စွမ်းရည်များကို တိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်၍ Advanced Course ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၅-၂၀၂၆)ပညာသင်နှစ်  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မန္တလေးမြို့၌ ဒို့အတူတူမဲပေးကြမယ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲ လှုံ့ဆော်မှု (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စတင်ကာ မန္တလေးမြို့ နေရာသုံးခု၌ ကျင်းပရာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ခွဲတာဝန်ရှိသူများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီက “ ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ဖြေဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ စီစဉ်ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ မူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူ့ဘဝအစ ရက်(၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ မူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဝမ်ဟွေရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၉၀၉၉ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၉၀၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းမာပင်မြို့၌ ကျောင်းပေါင်းစုံ ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင်မြို့တွင် ကျောင်းပေါင်းစုံကျောင်းတွင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသား သီချင်းများသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
Subscribe to