ချောက်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်‌ရေးစစ်ဆေးခြင်း စာမေးပွဲ သင်္ချာနှင့် အ‌ထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေဆိုခြင်းများကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား/ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယနေ့ နံနက် ၉ နာရီက ဟိုလွိုင်ကျေးရွာအုပ်စု၊ အ.မ.က(ဟိုလွိုင်)နှင့် အ.မ.က(နားလော့)သို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဆီဆိုင်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲနှင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးဖြစ်ပြီး လျာထားချက်ဧကပြည့်မီစေရန် တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပြည်ကြီးတံခွန်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရေး အသိပညာပေး နှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များ စိုက်ထူ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက ၆၂ လမ်းနှင့် ၁၁၆ လမ်းထောင့်၊ (ဃ) ရပ်ကွက်ရှိ ရွှေမန္တလေး ကဖေးဆိုင်နားတွင်လည်းကောင်း၊ ၆၇ လမ်းနှင့်၁၁၅ လမ်းထောင့်၊ (က) ရပ်ကွက်ရှိ My Hero Cafeဆိုင်တွင်လည်းကောင်း၊ ၆၈ လမ်းနှင့် ၁၁၈ လမ်း ထောင့်၊ (ဂ) ရပ်ကွက်တွင်လည်းကောင်း၊ ၅၃ လမ်းနှင့် ၁၃၁ လမ်းထောင့်၊ (ဆ) ရပ်ကွက်ရှိ နန်းယဉ်ပျံစျေးနှင့် လူစည်းကားရာနေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက ကောင်းစံသာ(ရေကြည်)ရေးသားထားသည့် လူငယ်လမ်းညွှန်စာစုများ-၁ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများ စိုက်ထူ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူစည်ကားသည့်နေရာများ၌ ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။

ငါန်းဇွန်မြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈) ရှိ တောင်သူ ဦးကြည်တင်၏ မိုးစပါး (မနောသုခ) စိုက်ခင်းတွင် ၂၀၂၅-၂၀၂၆ ခုနှစ် အထွက်နှုန်း မှန်ကန်စေရေးအတွက် ယနေ့နံနက် ၉ နာရီက မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် စံသူရိန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက် (၉) နာရီခွဲက စံသူရိန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်  ကျင်းပသည်။
Subscribe to