အောင်လံမြို့နယ်၌ ကသစ်ကန်နယ်မြေ မီးသတ်စခန်းဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာအုပ်စု ကသစ်ကန်ကျေးရွာတွင် ကသစ်ကန်နယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့မှ ငပုတောမြို့နယ်တွင် Green City ၊ Clean City ‌ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အား Clean City ၊ Green City ဆု ရွေးချယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦး‌ဆောင်သောအဖွဲ့မှ လာရောက်ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။

ကံမမြို့ ယွန်းကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် ဆေးဝါးများ ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၃) ရပ်ကွက်၊ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စာသင်တိုက် ပဓါနနာယက ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒနှင့် စာသင်စာချ ဆရာတော်များ၊ စာသင်သား သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းအဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ် ဆရာဝန်နှင့်အဖွဲ့က အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ်၊ နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အများပြည်သူ (ရုံးပိတ်ရက်) များတွင် ငွေဆောင်ကမ်းခြေ၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ဒီဇင်ဘာလ (၂၈) ရက်နေ့မှ စတင်ကာ အနယ်နယ်အရပ်ရပ်မှ  ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စဥ်ဆက်မပြတ် လာရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နေကြာမျိုးစေ့ချ စိုက်ပျိုးပွဲနှင့် ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တမန်ချောင်း‌ကျေးရွာ၊ ဟင်းအိုးချောင်းကျေးရွာ၊ ကွင်းချောင်းကျေးရွာ၊ ကမ်းနီကျေးရွာ၊ စမ်းချောင်းစဉ့်အိုးဖို ကျေးရွာအုပ်စု (၅) အုပ်စုတွင် ကျင်းပပြုလုပ်သည့် နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်အားပေးကာ နေကြာမျိုးစေ့များကို တောင်သူများထံ ပေးအပ်ပြီး စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ စုပေါင်း ကြဲပက်စိုက်ပျိုးကြသည်။

သံဖြူဇရပ်မြို့ သံဖြူဇရပ် နှစ်-၁၅၀ ပြည့်အထိမ်းအမှတ် ကာယအလှမောင်၊ ကာယအလှမယ်၊ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သံဖြူဇရပ် နှစ်-၁၅၀ ပြည့် အထိမ်းအမှတ် ကာယအလှမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့ထိ နေ့စဥ်နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ပညာ့ဗိမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆို 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့်  ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာကြိုဆိုနိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၁ ရက် ယမန်နေ့ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။ 

တွံတေးမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဥ်(၂/၂၀၂၄) ဆင်းပွဲကျင်းပ

န်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၄)ဆင်းပွဲကို ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၂)မြို့မ(တွံတေး)၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to