စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံ‌နေရာများနှင့် မဲရုံပတ်ဝန်းကျင်ရှိနေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ‌ပြုလုပ်မည့် မဲရုံ‌နေရာများနှင့် မဲရုံပတ်ဝန်းကျင်ရှိ နေအိမ်များအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မီးလန့်မှုများနှင့် အခြားသောမတော်မဆမှုများ မဖြစ်ပွားစေရေးအတွက် ဒီဇင်ဘာလ ၄ ရက်‌နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်‌ဇော်ထိုက် ဦးဆောင်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ စာရေးဆရာမများ၏ စာအုပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ စာရေးဆရာများ၏ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က အ.လ.က (ခွဲ) ကင်းချောင်းစာသင်ကျောင်း၌ ပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌ 40 Kg Gas အိုး ခေါင်းပွင့်ထွက်ပြီး Gas အိုး ယိုစိမ့်ရာမှ မီးလောင်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈ လမ်း၊ ၄၃ လမ်း× ၁၀၁ လမ်းကြားရှိ (ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်) (၃၀×၆၀) ပေ၊ သွပ်မိုး၊ ထန်းလုံးတိုင်၊ မြေစိုက်အဆောက်အဦ၏ စားဖိုဆောင်တွင် 40 Kg Gas အိုး ခေါင်းပွင့်ထွက်ပြီး gas များ ယိုစိမ့်ရာမှ ယနေ့နံနက်ပိုင်း ၇ နာရီ ၃၈ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင်  ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

‎‎မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို မဟာအောင်မြေမြို့နယ် ရပ်ကွက်အတွင်းရှိဈေးများ၊ လူစည်းကားသည့်နေရာများ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းစွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်မှုနေမှုအခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ ညပိုင်းက ကန်ကြီးထောင့် မြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်မှုနေမှုအခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကျိုက်လတ်မြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းပြည်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၃)ရက်၊ ညနေ(၅)နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၆) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များ အား ဒီဇင်ဘာ ၄ ရက် နံနက် (၉) နာရီက စတင်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Subscribe to