ရေဦးမြို့တွင်  ဒို့အတူတူ မဲ ပေးကြမည် လက်ကမ်းစာစောင်များဖြန့်ဝေ

 ရေဦး  ဒီဇင်ဘာ ၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးရည် ရွယ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် "ဒို့အတူတူ မဲပေးကြမည်" လက်ကမ်းစာစောင်များကို  စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင်၊ ရေဦးမြို့၌ ယမန်နေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်‌ ဝေရာတွင် "ဒို့အတူတူ မဲပေးကြမည်" လက်ကမ်းစာစောင်များကို မြို့မစျေး၊ လ္ဘက်ရည်ဆိုင်၊နေအိမ်များ၌ ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက် ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ    စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်