(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်၊ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်ရှိ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။  

ရွှေဘိုမြို့၌ ဖိနပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ် သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် ပိုက်သင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပိုက်သင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဧရာဝတီမြစ်ကမ်းဘေး၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကြိုဆိုပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းစီမံကိန်းနေရာ၌ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီက နှစ်သစ်အကြို ဆုတောင်းဝတ်ပြုခြင်း၊ အကအလှများဖြင့် ဖျော်ဖြေ ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးနဲမြို့ နောင်ကျော့အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တိုးချဲ့မြေလွှဲအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တိုးချဲ့မြေလွှဲအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ‌နေရာရာ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးမျာက ဘက်စုံပညာကိုရည်တို့လှမ်းချီ‌ တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

မက်မန်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေးဟော‌ပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့နယ် မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက် ကွင်းဆင်းဟောပြောခဲ့သည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်တောင် အတက်/ အဆင်း ပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင် ၁၃၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဆံတော်ရှင်ဇွဲကပင်တောင် အတက်/ အဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပရာ အသက် (၄၀) နှစ်အောက် အမျိုးသား ၅၇၅ ဦး၊ အမျိုးသမီး ၅၅၀ ဦး၊ အသက် (၄၀) နှစ် အထက် အမျိုးသား ၁၅၀ ဦး၊ အမျိုးသမီး ၈၉ ဦး စုစုပေါင်း ၁၃၆၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မော်လမြိုင်မြို့၌ ၂၀၂၅ နှစ်သစ်ကူးကြိုဆိုပွဲ ပြည်သူများ ပျော်ရွှင်စည်ကားစွာ ဆင်နွှဲ

ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ထည့်သွင်း၍ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

မောက်မယ်မြို့နယ်၌ ကျေးရွာခြင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မောက်မယ်−ရွာသစ်ကျေးရွာခြင်းဆက်လမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းတိုးမြှင့်ခင်းခြင်းလုပ်ငန်းကို ၂၇−၆−၂၀၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ မိုးရွာသွန်းမှုကြောင့်လုပ်ငန်းများ ခေတ္တရပ်နားထားရပြီး ယမန်နေ့ညနေပိုင်းတွင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။ 

ကျုံမငေးမြို့ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်ပွဲနှင့် စက်ရုံအဘိဓဇခန်းမ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေရပ်ကွက်၊ ဂင်္ဂါရာမလမ်းရှိ စက်ရုံအခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် စက်ရုံအဘိဓဇခန်းမ လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
Subscribe to