ကြည့်မြင်တိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် vinyl ပိုစတာများ ချိတ်ဆွဲခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် vinyl ပိုစတာများ ချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကမ်းနားစျေး၊ ကြည့်မြင်တိုင်လေဟာပြင်ညစျေးအတွင်းနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ ဖိတ်ကြားထားသော မသန်စွမ်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းဖွင့်လှစ်

 စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

သဲကုန်းမြို့နယ်တွင် ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ door to door ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မနောယျမကျေးရွာအုပ်စုသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး တစ်အိမ်တက်ဆင်း door to door စနစ်ဖြင့် ကွင်းဆင်းစစ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများဖြင့် ကွင်းဆင်းဆောင်ရွက်ကြသည်။

ပခုက္ကူမြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားးတိုင်း ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

ဒေါပုံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သည့် မြို့သစ်ဈေး၊ ရတနာဈေးနှင့် နွယ်အေးရပ်ကွက်များတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရပ်ရွာပြည်သူလူထုအတွင်း လိုက်လံဖြန့်ဝေခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး ဓနုဖြူမြို့နယ်၌ မဲစာရင်းများမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်ဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။
Subscribe to