ကျွန်းလှ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေကြောင်း သိရသည်။
“ကျွန်တော်တို့ အင်းကောင်းကျေးရွာမှာ ကျေးရွာတွင်းလမ်းမကြီး (၅) လမ်း၊ လမ်းသွယ် (၁၁)လမ်းရှိပါတယ်။ ကျေးရွာမှာ ကျွန်းလှမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများနဲ့ ထိစပ်လျက်ရှိပြီး ရဟန်းရှင်လူများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေပြီးရေစီးရေလာကောင်းမွန်စေရန် အလှူရှင်များ လှူဒါန်းမှု ကျေးရွာနေပြည်သူများရဲ့ လုပ်အားနဲ့ ကျေးရွာတွင်း လမ်းများပြုပြင်ခြင်း၊ တံတားများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကပြောသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည် ပေ ၈၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ခင်းခြင်းကို အလှူရှင်များ၏ လှူဒါန်းငွေကျပ် သိန်း ၆၀ ကျော်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ