မိုင်းဖြတ် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ စီစဉ်ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်အတွင်းရှိ အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)မှ (Grade-9)အဆင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦး၊ (Grade-10)အဆင့် ၄ ဦး ၊ (Grade-11) အဆင့် ၄ ဦး၊ (Grade-12) ၄ ဦး စုစုပေါင်း (၁၆) ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။
အဆိုပါ လူရည်ချွန်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများပါဝင်ပြီး မြို့နယ်အဆင့်တွင် အဆင့်အလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)