ကန်ကြီးထောင့်မြို့နယ်၌ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေး တစ်အိမ်တက်ဆင်းကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အသက် (၁၈) နှစ်ပြည့်ပြီး‌သော ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ (၂၇) ရက်နေ့ကစတင်၍ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့၊ အခြေခံပညာမူလတန်းကျောင်း အ.မ.က(မြို့မ) ၌ လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတက်ရောက် စိုက်ပျိုးရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ ဒေသခံတိုင်းရင်းသားများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

မကွေးပညာရေးဒီဂရီ‌ကောလိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်‌ သင်ခန်းစာများ စတင်သင်ကြားလျက်ရှိ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ်မှ စတုတ္ထနှစ်တန်းအထိ နိုဝင်ဘာ ၂၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၁၂၀၀)ဦးခန့် သင်ခန်းစာများကို ယ‌နေ့အထိ တက်ရောက်သင်ကြားလျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကံရွာတိုက်နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကံရွာ)၊ ကြံခိုင်ဝေလွင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ “ဒို့အတူတူမဲ‌‌ပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်‌ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက “ဒို့အတူတူမဲ‌‌ပေးကြမယ်” လက်ကမ်းစာစောင်အား ဒီဇင်ဘာလ ၂ ရက်နေ့ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အများပြည်သူစည်ကားရာ‌နေရာများဖြစ်သော အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးသစ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ ဆိုက်ကားဂိတ်နှင့် ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံရှိ ဆိုင်ကယ်ကယ်ရီဂိတ်များတွင် အများပြည်သူထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးရေးကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသည့် ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကိုအခမ်းအနားကို တက်ရောက်အားပေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ ဆောင်းနေကြာဆီထွက်သီးနှံ စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းနေကြာဆီထွက်သီးနှံ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသည်။

မအူပင်မြို့၌ ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက လူစည်ကားသည့်နေရာများဖြစ်သည့် ဘုရားလမ်းထိပ်၊ နာရီစင်ရှေ့နှင့် မြို့မဈေးကြီးအတွင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to