မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် မိုးစပါး (YSR) စံကွက်ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ ဦးစီးကျင်းပသော မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်က သီးကုန်းကျေးရွာ ဦးပိုင်အမှတ် ၁၉၀/၁၊ ကွင်းအမှတ် ၈၈၂ ရှိ တောင်သူ ဦးဖိုးထောင်၏ မိုးစပါး (YSR) စိုက်ဧက ၁.၅၈ ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။