ပန်းတနော်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃၃ လုံး ကြိုတင်ပြောင်းရွေ့
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကဿဝင်ကျေးရွာအုပ်စုနှင့် တောကျောင်းကျေးရွာ အုပ်စုတို့တွင် နေအိမ် ၃၃ လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။