လယ်ဝေး ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် သာသနာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က ယဉ်ကျေးလိမ္မာဆိုင်ရာ (၃၈)ဖြာမင်္ဂလာတရားတော်များနှင့် သက်ဆိုင်သည့် အဆုံးအမတရားတော်များအကြောင်း၊ လယ်ဝေးမြို့နယ်သာသနာရေးမှူးရုံးမှ ဦးစီးမှူး ဦးမျိုးဝင်းအောင်က ဘာသာသာသနာရေးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုဆိုင်ရာ လိုက်နာဖွယ်ရာများ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်မင်းသူက ဘာသာသာသနာနှင့်သက်ဆိုင်သည့်ပြစ်မှုဆိုင်ရာဥပဒေများ၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို အသီးသီးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအတွက် Mask များပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်က လက်ခံရယူကာကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)