ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်

ဒဂုံမြောက် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် (၄၆) ရပ်ကွက်၊ ဗိုလ်စောဦးလမ်းနှင့် (၄၉)ရပ်ကွက်၊ ဗိုလ်နက်ကျော်လမ်း သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရွာသွန်းပြီးလေတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေပြီး လူအများသွားလာသည့် လမ်းများပိတ်ဆို့နေမှု့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လျှပ်စစ်ဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ရပ်ကွက်အတွင်း နေထိုင်သူများ ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ရာ လမ်းများရှင်းလင်း၍ ရပ်ကွက်အတွင်း နေထိုင်သူများ ပြန်လည်သွားလာလျက်ရှိကြောင်း သတင်းရသည်။

မြင့်မြင့်ရီ