ကျောက်တံခါးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာ သင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ညောင်ဦးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းကို ခရိုင်အတွင်းစိုက်ပျိုးလျက်ရှိသော စပါး၊ ဝါ၊ နေကြာ၊ စိုက်ပျိုးတောင်သူများအနေဖြင့် စပါး၊ ဝါ၊ နေကြာသီးနှံများ တစ်ဧက အထွက်နှုန်းတိုးတက်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးကို ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ပြီး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် (၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်မြောက်) ထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် (၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.လ.က(၇)အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ကျေးရွာအရောက် ကွင်းဆင်းရောင်းချ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင်များ ပူးပေါင်း၍ ပြည်သူများ မီးဖိုချောင်းသုံးစားသုံးဆီစျေးနှုန်း သက်သာစွာဝယ်ယူနိုင်​ရေး ယနေ့နံနက် ၉ နာရီက ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာသို့ ကွင်းဆင်းရောင်းချပေးခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ တေးဂုဏ်ပြု အစီအစဉ် ကျင်းပပြုလုပ်

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ တေးဂုဏ်ပြုအစီအစဉ်ကို ယမန်နေ့နံနက်က မြန်အောင်မြို့ နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည်မြို့ စည်ပင်သာယာမြို့မဈေးကြီး၌ ဌာနဆိုင်ရာများပူးပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ စည်ပင်သာယာမြို့မဈေးကြီး၌ ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကာကွယ်နိုင်ရန်

မတ္တရာမြို့နယ်၌ ကုန်ထုတ်လမ်းဆောင်ရွက်မည့် လမ်း(၂)လမ်းအား မြေထုသိပ်သည်းဆ တိုင်းတာစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆိပ်သာကျေးရွာနှင့် မြောင်းသစ်ကျေးရွာတို့၌ ကုန်ထုတ်လမ်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
Subscribe to