ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါဦးစီးဌာန၊ နေပြည်တော်ယာဉ်မောင်းစစ်ဆေးရေးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ တတိယအကြိမ်ညီလာခံအတွေ့အကြုံထပ်ဆင့်ရှင်းလင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်း၏ တတိယအကြိမ်မြောက် ညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ တင်ပြရှင်းလင်းခြင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးရန်နိုင်ဘုန်းမြင့် (ဆရာ ရန်နိုင်ဘုန်းမြင့်)၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့ ရွှေတစ်ချောင်လမ်း၌ (Mask Campaign) ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေတစ်ချောင်းလမ်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (Mask Campaign) ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ကုန်းဖောက်ချောင်းအား စည်ပင်သာယာရေးအဖွဲ့မှ တူးဖော်ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းကောနေသည့် မြိတ်တောင်ကျေးရွာရှိ ကုန်းဖောက်ချောင်းအား ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ချောင်းအတွင်း အမှိုက်သရိုက်များ၊ နှုန်းမြေများ တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲ ခရိုင်အားကစားကွင်းတွင် မိုးရာသီကလပ်ပေါင်းစုံ (အလွတ်တန်း) အမျိုးသားဖိတ်‌ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် အားကစားကွင်းတွင် ယမန်နေ့ ညနေ ၅ နာရီ က ကျောက်မဲမြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ပထမအကြိမ် ‌‌ မိုးရာသီကလပ်‌ပေါင်းစုံ(အလွတ်တန်း) အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇:၃၀ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတုတ္ထနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိသည်။

မင်းလှ၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Database သို့ ထည့်သွင်းခြင်းဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Database သို့ ထည့်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ

ညောင်လေးပင်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ ဆော့ဖ်ဝဲဖြင့် ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဦးစီးမှူးရုံး၏ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား ဆော့ဖ်ဝဲထည့် သွင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဇူလိုင်လ ၁၈ ရက်နေ့ မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အ.ထ.က(မိုင်းကိုင်)၌ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ (ဒုတိယအကြိမ်) ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့မနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း၊ မြတ်သီရိခန်းမ၌ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to