ဖားဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာ(ရေဆင်း-၁)စံပြစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ မိုးနေကြာ (ရေဆင်း-၁)စိုက်ဧကစိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီ အချိန်တွင် ပါပုကျေးရွာနေ တောင်သူဦးဘီစနူး၏ ယာမြေနေရာ၌ စိုက်ပျိုးထားသော မိုးနေကြာ (ရေဆင်း-၁) စံပြစိုက်ခင်း ၂ ဧက နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။