ကျုံပျော်မြို့ အ ထ က (၁)တွင် အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းပြိုင်ပွဲ ပြုလုပ်

ကျုံပျော်မြို့ အ ထ က (၁)တွင် အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းပြိုင်ပွဲ ပြုလုပ် ကျုံပျော် ဇူလိုင်လ ၂၆ လပြည့်ဦး မြို့နယ်(ပြန်/ဆက်)

တောင်ငူ၌ အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ ဆီလုပ်ငန်းရှင်များ အသင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးကို ယနေ့ နံနက်ပိုင်းက စျေးလမ်းရှိ စားသုံးဆီအရောင်းဆိုင်ပွဲရုံများက အမြတ်ငွေ ၂ ရာခိုင်နှုန်းထက် မပိုသောနှုန်းထားဖြင့် ရောင်းချပေးသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာ တည်နေရာ(Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့နယ်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၅)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယမန်နေ့ နံနက်ပိုင်းက  မြို့ပေါ် သာသနာ့ဗိမာန်တော်ကြီးနှင့်ကျေးရွာများရှိ အခြေခံပညာ ကျောင်းများတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software  Program ဖြင့် ထည့်သွင်း ရိုက်ကူးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Programဖြင့် ထည့်သွင်း ရိုက်ကူးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် စုပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယ‌နေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေး ခဲ့သည်။

ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာတွင်  မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး  ကွမ်းရွက်များ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရ၍ နေ့စဉ် သီးနှံဝင်ငွေရရှိနေကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

အောင်လံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အောင်လံခရိုင်အုပ်ချုပ်ရေးမှူး မြင့်သန်းနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသထွက် မက်မန်းချီုသီးများ အရင်နှစ်ကထက် စျေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ရာသီပေါ်သီးနှံတစ်ခု ဖြစ်သည့် မက်မန်းချီုသီးများ ပေါများစွာ ထွက်ရှိသဖြင့် ယခုနှစ်ထက် ပိုမို၍ စျေးကောင်းရရှိကြောင်း သိရသည်။
Subscribe to