နတ်မောက် ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းအရာများ၊ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ နေကြာ(မိုး/ဆောင်း) ဆီထွက်သီးနှံအား သတ်မှတ်လျာထားဧကများ ပြည့်မီအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ဆေးထိုးနှံပေးရန်၊ (Mask Campaign) အား ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ ETDစနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းပြုစုရာတွင် သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးရေး ပူးပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်နိုင်ရန် ရပ်ကွက်/ကျေးရွာအတွင်း ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပတ်သက်၍ တင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
လှဝင်း