မြစ်ကြီးနား ဇူလိုင် ၂
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသသူငယ်အခွင့်အရေးများ ဆိုင်ရာများနှင့် ပတ်သက်၍ရှင်းလင်းဟောပြောပြီး ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာမှ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး မြေပြိုခြင်း စသည့် သဘာဝဘေးများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေး အန္တရာယ်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲတွင် ဆရာ/မများနှင့် ကျောင်းသား ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့သည်။
ယော်ဆောင်(ပြန်/ဆက်)