ဓနုဖြူ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းတွင် ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်တင်တင်ထွေးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်က သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူ မမြတ်ဆုလှိုင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ချိုဦး၊ အဖွဲဝင်(၂) ဦးစိန်မောင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သင်တန်းသူများ၏ လက်မှုပညာများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို (၂၇.၆.၂၀၂၂)ရက်နေ့မှ (၂၆.၇.၂၀၂၂)ရက်နေ့အထိ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)