လဲချား ဇူလိုင် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် (GIS) နည်းပညာအသုံးပြု၍ တည်နေရာ (Point )များ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ (GIS)နည်းပညာအသုံးပြု၍ ၂၀၂၄ခုနစ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် ရပ်ကွက်/ကျေးရွာတည်နေရာ(Point)များ ကောက်ယူမည့်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာ တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများမှ လဲချားမြို့နယ်အတွင်းရှိ ရပ်ကက်(၄)ရပ်ကွက်နှင့် ဟိုနောင်လုံကျေးရွာ၊ ဟိုရင်ကျေးရွာ၊ ကုန်းမောက်စံကျေးရွာ၊ ဟိုနောင်အွမ်ကျေးရွာ၊ ဖွေးဟိုင်းကျေးရွာ၊ ဟိုဖိုင်ကျေးရွာ၊ နောင်မိန်းကျေးရွာနှင့်နောင်ပန်ကျေးရွာတို့တွင် တည်နေရာ (Point)များ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)