သံတောင်ကြီး ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်အင်္ဂလီကန်အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ မုန့်ဖုတ်သင်တန်းကို ယနေ့(၈)နာရီအချိန်က ရှင်ဂျော့ဂျက် အသင်းတော်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မုန့်ဖုတ်သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မုန့်ဖုတ်လုပ်ငန်းတတ်ကျွမ်းခြင်းဖြင့် အိမ်အသုံးစရိတ်ကို လျော့နည်းစေခြင်း၊ မိမိတို့ သားသမီများအား အပြင်သရေစာများထက် သန့်ရှင်းလတ်ဆတ်သည့် မုန့်များကို ကိုယ်တိုင်ပြုလုပ်နိုင်ခြင်း၊ မုန့်ဖုတ်လုပ်ငန်းကျွမ်းကျင်ခြင်းဖြင့် ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း အမျိုးသမီးများအနေဖြင့် တစ်နိုင်တစ်ပိုင် မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍ မုန့်ဖုတ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်ဂျော့ဂျက်အင်္ဂလီကန်အသင်းတော် အမျိုးသမီးအသင်း ဒေါ်စိန်ပန်းထံက သိရသည်။
အဆိုပါ မုန့်ဖုတ်သင်တန်းတွင် ကိတ်မုန့်ဖုတ်နည်း၊ ပေါင်မုန့်ဖုတ်နည်းနှင့် ကွတ်ကီးပြုလုပ်နည်းများကို သင်တန်းဆရာ(၁)ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး အမျိုးသမီးသင်တန်းသူ (၂၀)ဦး တက်ရောက်ကာ သင်တန်းကာလ(၅)ရက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ