ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမြေ(၅၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသွားမည်

ကျောက်ဆည်  ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  စိုက်ပျိုးသီးနှံများအောင်မြင်စေရေး မြောင်းရေသောက်စနစ်ဖြင့် ရေးများပေးဝေလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမြေ(၅၈၀)ဧက ရေပြည့်ဝစွာရေးပေးဝေနိုင်ရေး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၈.၀၀၀)သန်းဖြင့် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးရန် လျာထားလျက်ရှိကြောင်း သိရသည်။

အဆိုပါရေကျအဆောင်အအုံသည် ရေကျအမြင့်(၅)ပေ၊(၆)လက်မရှိကာ ကျားကာကျေးရွာအနီး၊ သင်းဒီမြောင်း ပေတိုင်အမှတ် အာဒီ (၁၇+၀၈၀) တွင်တည်ရှိပြီး ပျက်စီးနေသည့် ရေကျအဆောက်အအုံ အထက်ပိုင်းနှင့် ရေကျကြမ်းခင်း၊ မြောင်းနှုတ်ခမ်းကျောက်ဆလံများ ပြန်လည်ပြုပြင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံစိုက်ပျိုးဧက(၅၈၀)ဧကအတွက် ရေများပေးဝေရာတွင် ကောင်းမွန်ဖြင့်မျှတစွာ စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိလိုအပ်သည့် ရေပမာဏ ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)