ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Gender, CEDAW, NSPAW နှင့် UNSCR 1325 ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ကျောက်မဲ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ထွန်းသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက Gender အခြေခံသဘောတရားများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW)ပါအချက်အလက်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ဆိုင်ရာအချက်အလက်များ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅နှင့် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွှေးပွဲသို့ ကျောက်မဲခရိုင်/မြို့နယ် အမျိုးသမီးကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)