သံတောင်ကြီးမြို့တွင်  ရာသီစာမျှစ်များတူးဖော်ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ရရှိ

သံတောင်ကြီး   ဇူလိုင်   ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင်  ဥယျာဉ်ခြံလုပ်ငန်းနှင့်တွဲဖက်၍   မိုးဦးကျကာလတွင်  တောတောင်ဥယျာဉ်ခြံများ၌   သဘာဝအတိုင်းပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာမျှစ်များ တူးဖော်ရောင်းချလျက်ရှိကြောင်းသိရသည်။

တောတောင်၊ ဥယျာဉ်ခြံများတွင်  သဘာဝအတိုင်း အလေ့ကျပေါက်ရောက်နေသော  မျှစ်များသည်  မိုးဦးကျကာလ  ဇွန်၊ဇူလိုင်လများတွင်  အများဆုံးထွက်ရှိပြီး ဒေသနေပြည်သူများက အိမ်တွင်းစားသုံးရန်အတွက် သာမက အပိုဝင်ငွေရရှိရန်အတွက် တူးဖော်ရောင်းချလျက်ရှိ ပြီး  မျှစ်စိုတစ်ပိဿာလျှင်ကျပ်၃၀၀ခန့်ရရှိကြောင်းသိရသည်။ ဒေသနေပြည်သူ အများစုသည်   မျှစ်များပေါ်ချိန်တွင် တစ်နှစ်ပတ်လုံးတာရှည်စွာ စားသုံးရန်အတွက်တစ်ပိုင်တစ်နိုင် မျှစ်ချဉ်ပြုလုပ်ခြင်း၊ မျှစ်ခြောက်ပြုလုပ်၍ ပြည်လည်ရောင်းချရာ မျှစ်ချဉ်တစ်ပိဿာလျှင် ကျပ်၂၅၀၀ခန့်၊  မျှစ်ခြောက်တစ်ပိဿာလျှင်  ကျပ်၇၀၀၀ခန့်  ရရှိ၍ မိသားစုအပိုဝင်ငွေရရှိကာ   စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီး(ပြန်/ဆက်)