ပုံပါကျင်မြို့၌ ဆီထွက်သီးနှံဖြစ်သော နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး နှမ်းစိုက်ပျိုးရောင်းချသူအတွက် အဆင်‌ပြေ

ပုံပါကျင် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် နယ်စပ်မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး ယခုနှစ်ရာသီတွင် ဆီထွက်သီးနှံဖြစ်သော နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး နှမ်းစိုက်ပျိုးရောင်းချသူတို့ ဈေးကောင်းရရှိကြောင်း သိရသည်။

နှမ်းစိုက်မျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိစေရန်အတွက် လိုအပ်သော အပင်စောင့်ရှောက်မှု နည်းစနစ်များနှင့် ပိုးမွှားရောဂါကာကွယ်ရေးနည်းလမ်းများ စသည့်စိုက်ပျိုးရေး နည်းလမ်းကောင်းများကို အသုံးပြု၍စိုက်ပျိုးနေခြင်းကြောင့် နှမ်းစိုက်တောင်သူများ ဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါနှမ်းစိုက်ပျိုးမှုအား နှမ်းများကိုထိုင်းနိုင်ငံသို့တင်ပို့ရောင်းချရာတွင် နှမ်း၏ဈေးနှုန်းမှာ လက်ကားဈေး (၆)ပြည်တစ်ပုံးလျှင် ဘတ်၅၅၀(၃၄၆၅၀ကျပ်)၊(၃)ပုံးတစ်အိတ်လျှင် ဘတ်၁၆၅၀ (၁၀၃၉၅၀ကျပ်)ရောင်းချရရှိနိုင်ပြီး နှောင်လာမည့် ဆောင်းရာသီတွင် ဆောင်းရာသီပေါ်သီးနှံများ ပိုမိုစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း နှမ်းစိုက်တောင်သူ ဦးလုံးလီထံမှ သိရသည်။

ဖြူနိုင်(ပြန်/ဆက်)