ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး( ၂ )ကြိမ်ထိုးပြီးသူများ (၄)လပြည့်လျင် Booster Dose ထိုးနိုင်‌ပြီ

လားရှိုး ဇူလိုင်၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သတ်မှတ်အကြိမ်များအလိုက် ဆေးထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်ကော်မတီ၏စီစဉ်ဆောင်ရွက်မှုဖြင့် လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဇူလိုင်(၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လားရှိုး ပြည်သူ့ဆေးရုံကြီး၊ ကုန်းဆာကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာအုပ်စု၊ လာရှိုးမြို့ရပ်ကွက် (၁)နယ်မြေ(၇)၊ ခါးသျှိကျေးလက်ဆေးခန်း၊ ရပ်ကွက် (၈)ပန်လုံခန်းမ၊ အမှတ် (၂၆ )အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ အခြေခံပညာမူလတန်းကျောင်းအမှတ် ၈၊ ၁၀၊ ၁၂၊ ၁၄၊ ၁၅၊ တို့တွင် အထူး အဖွဲ့များဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများမှ ကာကွယ်ဆေး (၂ )ကြိမ်ထိုးနှံပြီး( ၄ )လပြည့်ပါက Booster Dose ကိုထိုးနှံပေးနေကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)