ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

​ရွှေဘို ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၈နာရီ အချိန်က အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်​ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား​ပြောကြားရာ၊ ​ကျောင်းသား​မောင်မယ်လူငယ်​လေးများအ​နေဖြင့်​ကျောင်း​နေ​ပျော်၍ စာ​တော်​သော​သူများ ဖြစ်​စေလို​ကြောင်း၊ ကျောင်းစာအပြင် အားကစားများကိုလည်း စိတ်ဝင်စားစွာ ကစားသွားကြစေလိုကြောင်း အားကစား လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုပေးသလို ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ မျှော်မှန်းချက်/ ရည်ရွယ်ချက်များ ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ အားကစားသည် ကိုယ်ကာယ၊ ရုပ်ပိုင်းဆိုင်ရာကိုသာ သန်မာစေသည်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ အထောက်အကူပြုပေးသည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်နိုင်နိုင်ဝင်းက အားကစားဆိုင်ရာပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ရာ၊ ရွှေဘိုတက္ကသိုလ် စားပွဲတင်တင်းနစ်နည်းပြဆရာမှ လက်ခံရယူခဲ့သည်။

အဆိုပါ စားပွဲတင်တင်းနစ်တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲသို့ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်း/ စီမံဌာနများမှ ပါမောက္ခများ၊ မော်ကွန်းထိန်း/ လက်ထောက်မော်ကွန်းထိန်းနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)