မိုးရာသီကာလ လှိုင်လှိုင်ထွက်ရှိသည့် သံတောင်ကြီးဒေသထွက်ကွမ်းကြမ်းများ ဈေးနှုန်းအနည်းငယ်ကျဆင်း
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။