ဟားခါး ဇူလိုင် ၂၉
၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြား သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်း အဝေးသည် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါရှိသော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံရေးနှင့် စပ်လျဉ်း၍ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များ တောင်းခံရန် ဖြစ်ပါကြောင်း၊ အသုံးစရိတ်များ တောင်းခံရာတွင်လည်း ခွင့်ပြုပေးနိုင်သည့် အသုံးစရိတ်များနှင့် ခွင့်မပြုနိုင် သည့် အသုံးစရိတ်များရှိပါကြောင်း၊ အသေးစိတ်ကို ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှူးနှင့် ပြည်နယ် စီမံကိန်းဦးစီးမှူးတို့မှ ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါဖြင့် မဆောင်ရွက်နိုင် သည့် လုပ်ငန်းများအား ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည်အပ်နှံရန်ဖြစ်ကြောင်း၊ တင်ဒါခေါ် ယူပြီးစီးသည့် လုပ်ငန်းများအား စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်ပါ၍ ဌာနများအနေဖြင့် ခွင့်ပြုငွေ၊ ပြန်လည်အပ်နှံငွေ၊ သုံးစွဲရန်ပုံငွေ ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရေးနှင့် စပ်လျဉ်း၍ မရှင်းလင်းသည်များအား ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကန်းဦးစီးဌာနသို့ မေးမြန်းဆောင်ရွက်ရန် ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တာရ စီမံကိန်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များ တောင်းခံရာတွင်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးနှငု့် ပြည်နယ်စီမံကိန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်တို့က ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ စိစစ်ခြင်း အစီအစဉ်၊ အသုံးစရိတ် များတောင်းခံရာတွင် ခွင့်ပြုနိုင်သည့်အသုံးစရိတ်နှင့် ခွင့်မပြုနိုင်သည့် အသုံးစရိတ်၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် လိုက်နာရမည့်အချက်များ ကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်တည်ဆောက်ရေးနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန် များကို ချင်းပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထာပဲန်းက Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည့် အချက်များကို မေးမြန်းကြပြီး ပြည်နယ်ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှူးနှင့် ပြည်နယ်စီမံကိန်းဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဖြေကြားကာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦ:မောင်မောင်ဆန်းက တင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေး၍ ပြည်နယ်ဝန်ကြီချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောက်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)