အင်္ဂပူ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်သည် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးဆောင်ရွက်လျက် ရှိသော e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program )ထည့်သွင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ ဦးစီးအရာရှိ ဦးဇော်နိုင်မှ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program) ထည့်သွင်းနေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း software program ထည့်သွင်းခြင်း လုပ်ငန်းစဉ်သည် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ကြိုတင်ပြုစုဆောင် ရွက်နေသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
မန်းကျော်(ပြန်/ဆက်)