မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီစျေးနှုန်းတည်ငြိမ်စေရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီစျေးနှုန်း တည်ငြိမ်စေရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပကြောင်း သိရသည်။

ထားဝယ်မြို့တွင်တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ခြင်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

တောင်ငူမြို့နယ်ရှိ မိုးကောင်းကင်စားသောက်ဆိုင်တွင် လျှပ်စစ်ဝါယာလျှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အမှတ် ၇ ရပ်ကွက်၊ ခေမာလမ်းအတွင်း ဖွင့်လှစ်ထားသည့် မိုးကောင်းကင်အမည်ရှိ စားသောက်ဆိုင်တွင် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က လျှပ်စစ်ဝါယာလျှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင် အဆင့် အစမ်းလေ့ကျင့်မှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင် အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် အစမ်း လေ့ကျင့်မှုအား ကျင်းပ ပြုလုပ်သည်။

မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှု လုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်ချောမွေ့စေရေး ကုန်တင် ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေး

ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူ မြန်ဆန်စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများပေးအပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းယောင်းတွင် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဗလမင်းထင်ခန်းမ၌ ပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်အမှာစကား ပြောကြားသည်။

တာမွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ခံများအား လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။
Subscribe to