မိုးညိုမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များ Software program ထည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်

မိုးညို ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)များ Software program ထည့်သွင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အချိန်ထိ လူဦးရေစာရင်းပုံစံ (၆၆/၆) များ (၈၈၈၂) ဆောင်ရွက်ပြီးစီးနေကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)( ၃၆၀၉၈) အား Software program ထည့်သွင်းခြင်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ထိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၈၈၈၂) (၂၄•၆)ရာခိုင်နူန်း ဆောင်ရွက်ပြီးစီးကြောင်းနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ​သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်တို့ကကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက ကွန်ပြူတာအစုံ(၂၀)ဖြင့် သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးနိုင်ရေး နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)