ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း ပတ်သက်၍ အသိပညာပေး ပြောကြား

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းကျင်းပဆွေးနွေး

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့်

ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာဖတ်ဝိုင်းနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွား လာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွား ပြည်သူများအား ယနေ့ နံနက် (၆) နာရီမှစ၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ထားဝယ်မြို့တွင် ဖော်ထုတ်သိမ်းဆည်းရမိသည့် ဆိုင်ကယ်များ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ခိုးရာပါဆိုင်ကယ်များ ဖော်ထုတ်သိမ်းဆည်းပြီး ပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည့် အခမ်း အနားကိုယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၂၂ ဦး မြဝတီ အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၂၂၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးစပါး(၇၅၂၆)ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါး (၅၂၈၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ (၅၂၈၁၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ရပ်စောက်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာကျော်ဝင်းရေးသားသည့် “နှစ်ဆယ်တစ်ရာစု သားရွှေဥ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး အမှိုက်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အမှတ်(၁၉) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး အမှိုက်အကြောင်း သိကောင်းစရာများ၊ အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to