ကျိုက်လတ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်က ကျိုက်လတ်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က မြို့သန့်ရှင်းသာယာ လှပရေး အတွက် ပြည်သူများပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သန့်ရှင်းမှုရှိမှသာ ကျန်းမာရေး အတွက် အထောက် အကူဖြစ်မည်ဖြစ်ကြောင်း၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်နေ ကြောင်း၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၃)ခုတို့တွင်လည်း မိမိတို့အုပ်စု အလိုက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့မြို့ကို Green City , Clean City ဖြစ်စေရန်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘေးကင်းလုံခြုံစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေး ကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က မြို့နယ်စည်ပင်သာယာရေး၊ သန့်ရှင်း သာယာလှပရေးအတွက် မြို့နေပြည်သူများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး စည်ပင်အမှုဆောင်အရာရှိ ဦးအောင်သူဝင်းက ပြည်သူများ ပူးပေါင်းပါဝင်သော အမှိုက်စွန့်ပစ်စနစ်ကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နှင့်စည်ပင်သာယာရေး လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သိလိုသည်များ၊ လိုအပ်သည်များကို တင်ပြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရီရီမြင့်