ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၅၈,၂၀၀ ဦး ထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  ဩဂုတ် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်အထိ ၅၅၈,၂၀၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ၂၆၇,၅၀၀ ဦးကိုလည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၉၀,၇၀၀ ဦးကို လည်းကောင်း၊ ညောင်ဦးခရိုင်တွင် ၅၅၈,၂၀၀ ဦးကိုလည်းကောင်း ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ကိုကြေးမုံ