ကျောက်ဆည်မြို့နယ် ရွေဒါးကျေးရွာတွင် ကြက်ဟင်းခါးတစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြစ်၊ ချောင်းများအနီးရှိ ကိုင်းကျွန်းမြေများနှင့် ယာမြေအချို့တွင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ မုံညင်းစသည့် သီးနှံမျိုးစုံစိုက်ပျိုးပြီး ရွှေဒါးကျေးရွာတွင် ကြက်ဟင်ခါးတစ်ပိုင်တစ်နိုင်စိုက်ပျိုး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ကြက်ဟင်ခါးသီးနှံသည် စိုက်ပျိုးပြီးတစ်လခန့်တွင် အပွင့်များစတင်ပွင့်ပြီး (၄၅) ရက်သားတွင် အသီးများစတင်ခူးခွတ်ရောင်းချရကြောင်း၊ ခူးဆွတ်ရောင်းချရာတွင် (၄/၅) ရက်တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ပိဿာ (၁၀၀၀) ကျပ် ရောင်းချရကြောင်း၊ ကြက်ဟင်းခါးမျိုးထုပ်တစ်ထုပ် စိုက်ပျိုးပါက စတင်ခူးချိန်တွင် အချိန်(၁၅) ပိဿာခန့်ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် (၇၀/၈၀) ပိဿာခန့် အထိ ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ရောင်းချရသည့်သက်တမ်းမှာ အပင်ပြုစုမှုအပေါ်မူတည်ပြီး () လမှ () လခန့် ခူးဆွတ်ရောင်းချရကြောင်း တစ်သုံးလုံးတံဆိပ် ကြက်ဟင်ခါးမျိုး စိုက်ပျိုးထားသည့် ရွှေလေး ကျေးရွာမှ တောင်သူဦးလင်းအောင်က ပြောပြသည်။

ကြက်ဟင်ခါးသီးနှံစိုက်ပျိုးမည်ဆိုပါက သဘာဝမြေဩဇာဖြစ်သည့် နွားချေးများသုံးကာ ဦးစွာမြေပြုပြင် ပြီး () ပေခန့်အကွာတိုင်များစိုက်ပြီး () ပေအမြင့်စင်များပြုလုပ်ကာ မိမိတို့စိုက်ပျိုးလိုသည့် ကြက်ဟင်ခါးမျိုးစေ့များကို တိုင်ခြေနှင့်တစ်ထွာအကွာတွင် ကျင်းများတူးပြီး အစေ့တိုက်ရိုက် ချစိုက်ပျိုးနိုင်ကြောင်း၊ အပင်ဖြစ်ထွန်းမှုကောင်းစေရန်အတွက် စိုက်ပျိုးပြီး (၁၅) ရက်သားတွင် အပင်ခြေများတွင် အာမိုမြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းခန့်ဖြူး၍ ရေတင်ပေးရကြောင်း၊ ကြက်ဟင်ခါး စိုက်ပျိုးရာတွင် အသုံးပြုသည့် တိုင်နှင့်ဝါးများသည် တစ်ခါဝယ်ယူထားပါက () နှစ်အထိ အသုံးပြု၍ ရသောကြောင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးပါက အရင်းအနှီးအနေ ဖြင့်မျိုးစေ့များဝယ်ယူရန် ကုန်ကျငွေသာ စိုက်ထုတ်သုံးစွဲရပြီး ဝယ်ယူသူများကြိုက်နှစ်သက်သည့် မီးဖိုချောင်သုံး သီးနှံတစ်မျိုးဖြစ်ခြင်း၊ ကုန်ကျစရိတ်နည်းပါးကာ အမြတ်ငွေများသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)